
ဂျပန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က အနုမြူဗုံးကျရောက်ရာ ဟီရိုရှီးမားမြို့က အမှတ်တရ အဆောက်အအုံမှာ ပေါ့ကီမွန်အကောင်များ ထားရှိခြင်း မပြုရန် မြို့တော်ဝန်က တောင်းဆိုလိုက်ပါတယ်။
ပေါ့ကီမွန်ဂိုးဂိမ်းမှာပါတဲ့ ငြိမ်းချမ်းရေး အောက်မေ့ဖွယ်ရာ ပန်းခြံထဲက Pokestops နှင့် gyms များကို ဖျက်ပေးဖို့ မြို့တော်ဝန်က နင်တန်းဒိုးကုမ္ပဏီရဲ့ ဂိမ်းရေးဆွဲသူကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။








