
တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် လူ ၁၀၀ နီးပါးမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီယန်ဆု ဒေသတွင် ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ရှားပါးအခြေအနေအဖြစ် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ လေဆင်နှာမောင်းကြောင့် လူ ၉၈ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ဆက်တွဲ ရာသီဥတု ဖောက်ပြန်မှုအဖြစ် မိုးသီးများ ကြွေကျခြင်း၊ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ပါ ဖြစ်ပေါ်ခဲ့သည်။









