
အစ္စရေးနဲ့ အီရန် အပစ်ရပ်စဲရေး သဘောတူဟု ထရမ့် ပြော
======================
အစ္စရေးနဲ့ အီရန်တိုဟာ လုံးဝပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီဖြစ်ပြီး အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။
ထရမ့်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အစ္စရေး ဒါမှမဟုတ် အီရန် အရာရှိတွေဖက်က လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။









