
နယူးဒေလီ စက်တင်ဘာ ၁ဝ
အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းတွင် ကန့်ကွက်ဆန္ဒပြမှုကို အတိုက်အခံပါတီက ဦးဆောင်၍ ပြုလုပ်ရာ ဆန္ဒပြသူများက မော်တော်ကား တာယာများကို မီးရှို့ခြင်း၊ ဓာတ်ဆီဆိုင်များကို ဖျက်ဆီးခြင်း၊ လမ်းများနှင့် ရထားလမ်းများကို ပိတ်ဆို့ခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။









