
ဝါရှင်တန် ဇန်န၀ါရီ ၂၉
အမေရိကန်အာဏာပိုင်များသည် တရုတ် နည်းပညာကုမ်္ပဏီကြီးဖြစ်သည့် ဟွာဝေး ကို ရာဇ၀တ်မှုစွပ်စွဲချက်ဖြင့် အမှုဖွင့်ခဲ့ပြီး ဟွာဝေးမှ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ နှင့် အဖွဲ့ဝင်များကို အမှုဖွင့်ခဲ့သည်။
အမေရိကန်တရားရေးဌာနသည် ဟွာဝေးကုမ္ပဏီမှ ဘဏ္ဍာရေးအကြီးအကဲ လည်းဖြစ်၊ ဟွာဝေးကုမ္ပဏီ တည်ထောင် သူ၏ သမီးလည်းဖြစ်သူ မန်ဝမ်ကျို့ကို စွဲချက်ပေါင်း ၁၃ ချက်ဖြင့် အမှုဖွင့်ထားသည်။









