
ထိုင်းနိုင်ငံသို့ ပွင့်ဖူးအောင်အေဂျင်စီက တာဝန်ယူစေလွှတ်ပေးသည့် MoUမြန်မာလုပ်သား ၅၁ ဦး ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင်အေဂျင်စီက စေလွှတ်သည့် လုပ်သား ၅၁ ဦးသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။











