နိုင်ငံတော်သမ္မတငြိမ်းအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့်ဇနီး တောင်ကြီးမြို့တွင် သံဃာတော်အပါး ၁ဝဝဝအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရှိ ဆရာတော်ကြီးများအမှူးထား၍ ရွှေသုဝဏ်ဆရာတော်ကြီးနှင့်ပြည်တွင်း ပြည်ပသာသနာပြုမေတ္တာစင်တာများ ၏နာယကကြီး မဟာသဒ္ဓမ္မဇောတိက ဓဇ ဆရာတော်ဦးဝံသသီရိ(ဦးဝင်းဖေ) တို့ ဦးဆောင်၍ နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂ မဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး၊ Mr. HALIM Family & Mr. RUDDY Family အင်ဒိုနီးရှားနိုင်ငံ Dhama Brother & Sister၊ သုဓမ္မ သိင်္ဂီဒေါ်ရည်ဝိုင်းဦး၊ A1 ကုမ္ပဏီ မိသားစုများနှင့်ဒေါ်ခင်ဌေးကြည်(လုမ္ဗိနီ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ် လိုင်း)မိသားစုများစုပေါင်း၍
နိုင်ငံတော်သမ္မတ(ငြိမ်း) မှ
တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၄၉ကျောင်းမှ သံဃာတော်အပါး ၁ဝဝဝအား စတီးလ်သပိတ်၊သင်္ကန်းနှင့် အခြား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း သည့်အလှူတော်မင်္ဂလာအခမ်း အနားကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောရပ်ကွက် မဟာပုဗ္ဗာရုံ ကံဦးပရိယတ္တိစာသင် တိုက်တွင် ကျင်းပခဲ့သည်။
အလှူတော်မင်္ဂလာအခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အထွေထွေအတွင်းရေး မှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် နှင့် တာဝန်ရှိသူများ၊အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့် လှစ်ခဲ့ပြီး နိုင်ငံတော်ရွှေတံဆိပ် ဆုရစောင်းပညာရှင်ဦးသိန်းဟန်နှင့် အဆိုတော်မပိုးအိတို့က ဓမ္မတေး ဖြင့်ပူဇော်ခဲ့သည်။ ထို့နောက် နိုင်ငံ တော်သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇညောင်ရွှေမြို့အင်းလေးရွှေဘုံသာ ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လာဘိဝံသထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင် သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာ ကြားကာ ရေစက်သွန်းချ အမျှပေး ဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အလှူ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ကယားပြည်နယ်ပြည်ခိုင်ဖြိုး မြို့နယ်အလိုက် ပါတီမျက်နှာစုံညီအစည်းအေး ကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေး

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် မြို့နယ် (၇) မြို့နယ်တွင် မျက်နှာ စုံညီအစည်းအဝေး ကျင်းပပြုလုပ်၍ မြို့နယ်အဆင့် ပါတီကေဒါများ ပြန်လည်ရွေးချယ်အတည်ပြုနိုင် ရေး ညှိနှိုင်းအစည်းဝေးကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်နယ်ပါတီ သီးသန့် အစည်းအေ၉းခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီ အစည်းအဝေး နှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေးကို ဇွန်လ (၁၈) ရက် နံနက် (၁၀) နာရီမှ ညနေ (၂) နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီး(ငြိမ်း) ဦသက်ထွန်း၊ တောင်ငူခရိုင် ပြည်ခိုင်ဖြိုး ပါတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ ပ/ဒု ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

မြောက်ဦးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး ကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၁) နာရီက မြောက်ဦးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေ (မြောက်ဦးမြို့နယ် မျက်နှာစုံညီ အစည်းအဝေး ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်) မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Myauk Oo1

(more…)


ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၈) ရက် နံနက် (၈) နာရီခွဲက တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

Htar We3

(more…)


ပုဇွန်တောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ မျက်နှာစုံညီအစည်း အဝေးအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ တိုင်းဒေသကြီးပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ အတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီအဆင့်ဆင့်ပြန်လည်ရွေးချယ် ရေးဥက္ကဋ္ဌ ဦးထွန်းအောင်ကြည်၊ ပုဇွန်တောင်မြို့နယ်ပါတီနာယက အဖွဲ့ဝင်တက္ကသိုလ်မြတ်သူ၊ ဦးမြ လှိုင်၊ မြို့နယ်ပါတီကော်မတီဝင် များ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စား လှယ်များ စုစုပေါင်း ၄၁ ဦးတက် ရောက်ခဲ့သည်။ အခမ်းအနားအစီ အစဉ်အရ ခရိုင်အတွင်းရေးမှူး ဦးစိန်မြင့်က သဘာပတိအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပါတီ ကော်မတီဝင် ဦးမောင်မောင်မြင့်က ပုဇွန်တောင်မြို့နယ်ပါတီမှ ဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ်များပါ စာတမ်းဖတ်ကြားရှင်းလင်းသည်။ ထို့နောက် ပုဇွန်တောင်မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကြည်က ပါတီမှဆောင်ရွက်ခဲ့သောလုပ်ငန်းများ မျက်နှာစုံညီ အစည်းအဝေးဒုတိယပိုင်းကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် မြို့နယ်ပါတီကော်မတီဝင် များနုတ်ထွက်ကြောင်းကြေညာပြီး ပါတီမျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းကို ရပ်နားခဲ့ကြောင်း သိရသည်။
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ပုဇွန်တောင် မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုးမင်းသန်း၊ အတွင်းရေးမှူးအဖြစ် ဦး မောင်မောင်မြင့်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ဦးဦးမေသွင်တို့ကို မြို့နယ်ပါတီ ကော်မတီဝင် ၁၂ ဦးတို့က မဲစနစ်ဖြင့်ပြန်လည်ရွေးချယ်ခန့် အပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းကျောင်းသို့ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ပညာရေး ငွေပဒေသာပင် စိုက်ထူလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇွန်လ (၁၃) ရက်နေ့ နံနက် (၈)နာရီ (၃ဝ)မိနစ် အချိန်တွင် ဟင်္သာတခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတ မြို့နယ်၊ ရွာသစ်ချင်းချိုင့်ကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၊ ဘုန်းတော်ကြီး သင် ပညာရေးမူလတန်းကျောင်းသို့ရောက်ရှိပြီး ရှေးဦးစွာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝါသဝအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသိန်းစိန်နှင့်ဇနီးတို့ ဘုရားဆင်းတုတော် (၅၀၀ )ဆူကို မိတ္ထီလာတွင် လှူဒါန်း

 

မိတ္ထီလာမြို့နယ် ဇွန်လ (၁၆)ရက်နေ့တွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု မိတ္ထီလာမြို့အသောကာရုံရေလည်ကျောင်းတိုက်
ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သိမ်တောင်နိကာယာဓိပတိဆရာတော်ဘုရားကြီး၏
သက်တော် (၈၇)နှစ်မြောက်မွေးနေ့အလှူတော်မင်္ဂလာအဖြစ်
ယနေ့နံနက်က သံဃာတော်ပါး( ၅၀၀) ကို
ဆွမ်းတော်ကြီးလောင်းလှူခဲ့သည့်အပြင် ဘုရားဆင်းတုတော် ၅၀၀ ဆူကို
ကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့သည်။

ဓါတ်ပုံ-U Ohn Myint


အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ ကျင်းပနိုင်ရေး ဦးဆောင်တာဝန်ယူရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပြီး ဖြစ်သည်ဟု UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေက ဇွန် (၁၄) ရက်တွင် ပြောကြားသည်။

??????????????????????????????????????????????????????????

မေ ၂၇ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေးကို တွေ့ရစဉ်

(more…)


ကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါးမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီနာယက၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးသိန်းဆွေမှ အမှာစကား ပြောကြား၍ ခရိုင်ပါတီ အတွင်းရေမှူး ဦးအောင်စိုးက လုပ်ငန်းလမ်းညွှန်ချက် များ ပြောကြားခဲ့သည်။