တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဇီးကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သီရိပျံချီ ဦးဥာဏ်ဝင်းသည် သြဂုတ်လ (၁၃) ရက် နံနက် (၉) နာရီအချိန်က ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ မြို့နယ်ကော်မရှင် အဖွဲ့ဥက္ကဌ ဦးကျော်မိုးဦးနှင့်အဖွဲ့များ လိုက်ပါလျှက် ဇီးကုန်း မြို့နယ် အနောက်ဘက်ရှိ ရေဝင်နစ်မြုပ်လျှက်ရှိသော ဒေသများဖြစ်သည့် စပါယ်မြောင်အုပ်စု စပါယ်မြောင် ကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ တောင်ရေကန်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများအား ကြည့်ရှု အားပေးခြင်း၊ အလှူငွေများပေးအပ်ခြင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်များအား ဝါဆိုသင်္ဃန်းများ ဆက်ကပ်ခြင်း သာသနာရေးနှင့် ကျန်းမာရေးကိစ္စများ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများအား အမှတ် (၁၄)နယ်မြေ ပန်းဆက် ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သြဂုတ် (၁၅) ရက်က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစုကိုယ်စား ရေဘေးရှောင်ပြည်သူများသို့ သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီးဒေါ်နီနီဝင်း (မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက) ‘သား’ဗိုလ်ကြီးသိန်းဇော် ညို- မယဉ်သူအေး၊ ‘မြေး’ရွှေနေ ခြည်ညို၊ ရွှေယသော်ညို မိသားစု တို့က ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများသို့ လှူဒါန်း သော ဂျုံခေါက်ဆွဲခြောက်ထုပ်၊ ကြာဆံထုပ်၊ ဆီတစ်လီတာစီတို့ကို အလှူရှင်မိသားစုများကိုယ်စား ဟင်္သာတခရိုင်နှင့်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ က ယမန်နေ့က ပဲကြီးကျွန်းကျေးရွာ အုပ်စု ပဲကြီးကျွန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိနေသော အိမ်ထောင်စု ၂၄စု၊ စည်ပင်သာယာကျေးရွာဘုန်းတော် ကြီးကျောင်း၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၂စု၊ သမ္ဘရာတိုင်း ကျေးရွာအုပ်စု ဝဲကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ ရောက်ရှိနေ သော အိမ်ထောင်စု ၃ဝ၊ အင်္ဂရမ်း အုပ်စု သပြုဆိပ်ကျေးရွာ ရွှေကြို့ ပင် ဘုန်းတော်ကြီးကျောင်း၌ ရောက် ရှိနေသော အိမ်ထောင်စု ၂၇စု၊ ရွှေ ညောင်ပင် ဘုန်းတော်ကြီးကျောင်း ၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၃ စု စုစုပေါင်းအိမ်ထောင်စု ၁၄၆ စုတို့ကို သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးရှောင်ပြည်သူများသို့ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းနှင့် ကျောင်း ကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထိန်ဝင်းတို့ ဦးဆောင်၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်သော ကျေးရွာများသို့ ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ဆန်အိတ်ကိုးအိတ် နှုန်းဖြင့် ဗလီဒေါင့်၊တက်ဆိပ်၊ ဒိုး တန်း၊ လှေကွဲလဟာ၊ ပန်းတောရိုး၊ ကွမ်းခြံကုန်း၊ ဝက်ခြံဂရက်၊ ရေဂ လုပ်၊ဖုန်းဆိုးနှင့်ချောင်ကြီး ကျေးရွာ အုပ်စု စုစုပေါင်း ၁ဝအုပ်စုကို ဆန်အိတ်၉ဝလှူဒါန်းခဲ့ကြသည်။
ယမန်နေ့က ကျားကိုက် ချောင်းရွာ အုပ်စုအတွက်ရရှိသော ဆန်အိတ် ကိုးအိတ်ကို ကျားကိုက် ချောင်းရွာ၊ ဥယျာဉ်တန်းရွာ၊ကျုံတာ ရွာခွဲများရှိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၈၂ စုကို အချိုးကျ ခွဲဝေ လှူဒါန်း ပေးခဲ့ကြသည်။

အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ရပ်/ကျေးကော်မတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအင်းစိန် မြို့နယ် ပါတီဥက္ကဋ္ဌဦးတင့်လွင်နှင့် မြို့နယ်ကော်မတီ ဝင်များသည် ယခုလ ၁၃ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ရပ်ကွက်ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် အဆိုပါရပ်ကွက်ပါတီ ဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းချက် ၂၁ ချက်အား မြို့နယ်ဥက္ကဋ္ဌ ဦးတင့် လွင်က အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက် ရောက်လာကြသူ ရပ်မိရပ်ဖများနှင့်ရပ်/ကျေး ကော် မတီဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပသောင်း၊ မင်းသန်း ၊ မဇော ကျေးရွာများရှိ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌ-ဦးမိုးမြင့် ဦးဆောင်မှု နှင့်အတူ မြို့နယ်ပါတီကော်မတီ ၀င်များအဖွဲ့သည် သြဂုတ်လ (၁၃) ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ကွင်းဆင်းသွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲ ရွာပြည်ခိုင်ဖြိုးပါတီရုံးခန်းသို့ရောက်ရှိပြီး ကျေးရွာရှိ ပါတီဝင်များနှင့် တွေ့ဆုံကာ ဒေသတွင်းပါတီဝင်များ၏ လှုပ်ရှားဆောင်ရွက်ချက်များနှင့် ပါတီဝင် များအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့် ပြည့်သူ့အကျိုးပြု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပြည်နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဦးနန္ဒာလှမြင့်မှ သြဂုတ် (၁၃) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကလောမြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ပါတီကော်မတီဝင်မှ မြို့နယ်ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းရန်အတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။

မာန်အောင်မြို့နယ်ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ်လ (၁၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်အဝေးတွင် ပြည်နယ်ပါတီ အရန်ကော်မတီ ဦးကျော်လှဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်မြင့်တို့မှ အမှာစကားပြောကြားပြီး ဥက္ကဋ္ဌဦးမောင်ကြည်မှ အစည်းအဝေးဖိတ်ခေါ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

UPDJC အစည်းအဝေး ယနေ့ စတင် ကျင်းပ

၂၁ ရာစု ပင်လုံညီလာခံ၏ နိုင်ငံရေးမူဘောင်များကို အတည်ပြုမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့ (သြဂုတ်လ ၁၅ ရက်) တွင် စတင်ကျင်းပလျှက်ရှိကြောင်း သိရသည်။ (more…)


ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ငါးနှစ်အတွင်း အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရန် ဖော်ဆောင်မည်ဟုဆို

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ငါးနှစ်အတွင်း အိမ်ထောင် စု ၁ ဒသမ ၇ သန်းကို လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး လျာထားလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ဘဏ်ချေးငွေဒေါ်လာ သန်း ၃၁၀ ဖြင့် မြန်မာနိုင်ငံ အတွင်း လျှပ်စစ်ဖြန့်ဖြူးသုံးစွဲနိုင်မှု တိုးတက်ရေးအတွက် စီမံချက်များရေးဆွဲကာ လုပ်ဆောင်နေသည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။ (more…)