
ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်ဖြေရှင်းရန် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် (www.president-office.gov.mm) သို့ စာပေးပို့ ဆက်သွယ်နိုင်မည့် ဖုန်းမက်ဆေ့ခ်ျဖြင့် အတည်ပြုနိုင်သည့် စနစ်ကို စတင်ကြောင်း စက်တင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်သည်။

ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်ဖြေရှင်းရန် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် (www.president-office.gov.mm) သို့ စာပေးပို့ ဆက်သွယ်နိုင်မည့် ဖုန်းမက်ဆေ့ခ်ျဖြင့် အတည်ပြုနိုင်သည့် စနစ်ကို စတင်ကြောင်း စက်တင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်သည်။

ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ချေးယူဖြည့်ဆည်းခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်နိုင်သဖြင့် အစိုးရအနေဖြင့် သတိပြုရန်လိုကြောင်း စီးပွားရေးပညာရှင် အချို့က ပြောကြားသည်။
အစိုးရသစ်လက်ထက် ပြန်လည်ရေးဆွဲသော ဘတ်ဂျက်တွင် လိုငွေကျပ် ၃,၀၉၀ ဘီလီယံရှိနေပြီး ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟိုဘဏ်မှ ချေးယူရန် စီစဉ်ထားသည်။ ဘတ်ဂျက်လိုငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ဗဟိုဘဏ်မှ ချေးယူရန် စီစဉ်ထားမှုကြောင့် ငွေစက္ကူ ထပ်မံရိုက်ထုတ်ရမည်ဖြစ်ရာ ယင်းငွေများသည် လှည့်လည်သုံးစွဲ နေသော ငွေကြေးထဲသို့ ရောက်ရှိလာပါက ငွေကြေးဖောင်းပွမှုဖြစ်လာမည်ဟု ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန အငြိမ်းစား ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကို တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်၊ သဘော တူညီချက်မပါဘဲ လုပ်ဆောင်မည်ဆိုပါက ငြိမ်းချမ်း ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် အလှမ်းဝေးသွားမည်ကို စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် လူမှုရေး အသင်းအဖွဲ့/ ဖောင်ဒေးရှင်းများနှင့် (၂၈-၉-၂၀၁၆) ရက်နေ့ ညနေပိုင်း (၁၄:၀၀ ) နာရီချိန်တွင် ပါတီဥက္ကဌရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်ပါတီများ ပုံမှန် အစည်းအဝေးကို စက်တင်ဘာ (၂၈) ရက် နေ့လည် (၁) နာရီခွဲအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ အနောက်ပိုင်းခရိုင်ပါတီ ဥက္ကဌ ဦးနေဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ရပ်ကွက်ခေါင်းဆောင်များနှင့် မိတ်ဆက်၍ ပါတီ၏ ရှေ့လုပ်ငန်းများကို ဆက်လက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Canada အခြေစိုက် The Global Network On Federalism နှင့် PAÑÑÃ Institute တို့မှ ဦးဆောင် ဆွေးနွေးသော Workshop on Federalism အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၂၈) ရက်က ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ကွင်းကြီးအုပ်စု၊ ကွင်းကြီးကျေးရွာ၌ စက်တင်ဘာလ (၂၇) ရက်နေ့က ကျင်းပပြုလုပ်သော World Vision မှ လှူဒါန်းသည့် မူကြိုကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲသို့ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ဝဲကြီးကျေးရွာသည် မြစ်ကြီးနားမြို့နယ်ဆင်ဘိုမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ခြေ (၆၀ )ခန့်ရှိ သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စာသင်ကျောင်းဆောင်သစ် ရရှိခြင်း၊ ရေအခက်အခဲရှိသဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မီးလင်းရေးအတွက် ဆိုလာမီးဖြင့် အိမ်တိုင်းမီးလင်းလျှက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးနေဝင်းဇော် ဦးဆောင်သော ပါတီဝင်အင်အား ၂၈၁ ဦး တို့သည် ယခုလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ပုဂံရှိ မိဖုရားဖွားစောစေတီ တံတိုင်းရှေ့ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ ၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တောင်း ကျေးရွာရှိ တောင်သူများကို မြေလွတ်၊ မြေရိုင်းပုံစံ (၁၀၅) ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ဦးဆောင်၍ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အခြားအဖွဲ့အစည်းများ၊ ရွာသူရွာသားများ တက်ရောက်ခဲ့ကြသည်။