ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီရုံးတွင် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ် ရက် တွေ့ဆုံလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များ နှင့် မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံကြသည်။
ပြည်ခိုင်ဖြိုးပါတီ နှင့် ဗဟိုကော်မတီဝင် ဦးထွေးလှတို့ လှူဒါန်းသော လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်းနှင့်ဆိုလာမီးနှင့်ဘိလပ်မြေအိတ်များလှူဒါန်းခြင်း အခမ်းအနား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ နှင့် ဗဟိုကော်မတီဝင်ဦးထွေးလှတို့မှ လှူဒါန်းထားသော
ဆိုလာမီး၊ဘိလပ်မြေအိတ်များပေးအပ်လှူဒါန်းခြင်း နှင့် ဆရာတော်အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်း ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းထားသော
ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး
လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၆) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်
ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်နယ် ခရိုင် မြို့နယ် အရံကော်မတီ
ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းနှင့် မြို့နယ် ပါတီအား တွေ့ဆုံ
မကြာတော့သည့် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရ မည့်နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရ မည့်လုပ်ထုံးလုပ်နည်းများအား ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းနွယ်မှ ယနေ့ ဇန်န၀ါရီ (၆) ရက် နံနက် (၈) နာရီခွဲအချိန်က အခမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ်ကော်မတီ ဝင်များအား ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးပါတီရုံးဦးစီးအဖွဲ့များ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရးပါတီရုံးခန်းမ၌ ရုံးဦးစီးအဖွဲ့များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၅) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်/ မိတ္ထီလာခရိုင်/ ရမည်းသင်းခရိုင်/ညောင်ဦးခရိုင်များအတွင်းရှိ ခရိုင်ဥက္ကဌများ၊ မြို့နယ် ဥက္ကဌများနှင့် သင်တန်း တက်ရောက်ကြမည့် ရုံးဦးစီးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့် အမှာစကားပြောကြားကာ သင်တန်းတာဝန်ခံ ဦးမျိုးမြင့်မှ သင်တန်း စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ဆေးရာမှ အကြမ်းဖက်လုပ်ငန်းများ ထပ်မံလုပ်ဆောင်မည့် အစီအစဉ်ကို သိရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ဆေးရာမှ အကြမ်းဖက် လုပ်ငန်းများ ထပ်မံလုပ်ဆောင်မည့် အစီအစဉ်ကိုသိရှိခဲ့ကြောင်း ဇန်န၀ါရီ ၅ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ (more…)
မြန်မာရေတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော The Daily Star သတင်းစာ Online Report ဖော်ပြချက် မှန်ကန်မှုမရှိဟု ထုတ်ပြန်
မြန်မာရေတပ်မှ ပစ်ခတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online Report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည်ဟု ဇန်န၀ါရီ (၅) ရက်က ထုတ်ပြန်သည်။ (more…)
ပန်ဟတ် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင် သစ်ပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အုပ်စု ပန်ဟတ်(၁၀)မိုင် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်ခြင်းနှင့် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နှင့် ကျေးရွာပြည်သူလူထုမှ ပူးပေါင်း ဆောက်လုပ်ထားသော ပေ(၅၀) ပေ(၂၀) ကျောင်းဆောင်သစ်ကို ပညာရေးဌာနအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ (၄) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ရာ လားရှိုးမြို့ယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တက်ရောက်အားပေး ကူညီခဲ့ကြသည်။




