ရေတာရှည်ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ပါတီနှစ်စဉ်ကြေး ကျပ် (၁၅) သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
(၁၅-၃-၂၀၁၇) ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပထမအကြိမ် ပါတီဝင်နှစ်စဉ်ကြေး ကျပ်(၁၅)သိန်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တောင်ငူခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်စိုး က ခရိုင်(၆)မြို့နယ်တွင် ရေတာရှည်မြို့နယ်က ငွေကြေးအများဆုံးဖြင့် ပထမဆုံး အခမ်းအနားကြီးဖြစ် ကြောင်း၊ ရပ်ကျေးစည်းရုံးရေးမှူးများ၏ လုပ်ဆောင်နိုင်မှု နယ်မြေတာဝန်ခံ မြို့နယ် ကော်မတီဝင်များ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌတို့၏ ဦးဆောင်နိုင်စွမ်း တို့ကို ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရှိနေသော ပါတီဝင်များကိုလည်း စိစစ်ပြီး နှစ်စဉ်ကြေးများ ဆက်လက် ကောက်ခံသွားရေး ပြောကြားခဲ့ပါသည်။
ဒလပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီကပြုလုပ်သည့် ဒလမြို့နယ် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ သူရိယမုနိကြေးသွန်းဘုရားကြီး၏ (၉၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူး ပြုသောသံဃာတော် ၆၄ ပါးတို့အား ငွေကျပ် ၁၅ဝဝဝဝ တန်ဖိုးရှိ ဆွမ်းဆန်တော်များနှင့်အခြားဝတ္ထုပစ္စည်းများကို ပါဝင်လောင်းလှူ ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လှိုင်သာယာ(၁ဝ)ရပ်ကွက်တွင် မိတ်ဆက်
၂ဝ၁၇ ခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ (လှိုင်သာယာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) ဦးတင်ယုသည် ယခုလ ၁၃ ရက် နံနက် ၉ နာရီတွင် လှိုင်သာယာ မြို့နယ်ရှိ (၁ဝ)ရပ်ကွက် နယ်မြေတွင် တစ်အိမ်တက်ဆင်းရပ်ကွက် ပြည်သူများနှင့်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးသည်။
တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည်များကိုဖြည့်ဆည်းပေး
ဗဟိုကော်မတီဝင် တနင်္သာရီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးချစ်သန်း(တောင်ဒဂုံ ဆီ အုန်းစိုက်ပျိုးရေးစီမံကိန်း)သည် ယမန်နေ့ နံက် ၁ဝနာရီမှစ၍ မိမိ၏ စီမံကိန်းဒေသအတွင်း နယ်စပ်ဒေ သဖြစ်သည့် ဘုတ်ပြင်းမြို့နယ်၌ အရှည်(၁၁)မိုင်ရေငံကြီးကျေးရွာ နှင့် ဝါးတင်းကျေးရွာချင်းဆက် လမ်းပိုင်းကိုမြေသားလမ်းအဖြစ် ဖောက်လုပ်နေမှုအပေါ် သုံးစွဲနိုင်ရန် စက်သုံးဆီဂါလန် ၂၅ဝကို လှူ ဒါန်းကာရေငံကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်းထိုင်ဆရာတော် အား ဥက္ကဋ္ဌကြီးကသွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအား ခေါက်ဆွဲခြောက်ထုပ်နှင့်ကွေကာအုပ်ထုပ်များထောက်ပံ့
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစော မိုးကျော်နှင့် ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဗန်းမော်မြို့ အလက(၁)(အထက-ခွဲ)၌တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ဆိုသော ကျောင်းသားကျောင်းသူ များအာဟာရပြည့်ဝစေပြီး Óဏ် ရည်Óဏ်သွေးထက်မြက်ကောင်းမွန် စေရေးအတွက် ခေါက်ဆွဲခြောက် ထုပ်များနှင့်ကွေကာအုပ်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဆရာမ များ၊ ကျောင်းသားကျောင်းသူများ ကအသီးသီးလက်ခံယူခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင် လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင် ခေါင်းဆောင်သည့် ဦးစီးအဖွဲ့က မတ်လ (၁၅) ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ Hotel Royal Ace ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
သူနာပြုလိုင်စင် စနစ်သစ်အပေါ် ရန်ကုန်သူနာပြု တက္ကသိုလ်မှ ကျောင်းသား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်
ပြောင်းလဲလိုက်သည့် သူနာပြုလိုင်စင်ထုတ်ပေးသည့် စနစ်သစ်နှင့်ပတ်သက်ပြီး ရန်ကုန်သူနာပြု တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၇၀၀ ခန့် မတ်လ (၁၅) ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ လာရောက် ထုတ်ယူရန် နှိုးဆော်
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ၁၄ ရက်အတွင်း အပြီးထုတ်ပေး မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ (more…)
တိုင်ကြားစာဆိုင်ရာကော်မတီတွင် အရေးယူခြင်း မပြုသော တိုင်စာ ၁၀ မျိုးရှိ
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသည် အရေးယူဆောင်ရွက်ခြင်းမပြုသည့် တိုင်စာအမျိုးအစား ၁၀ မျိုးရှိကြောင်း မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြောသည်။ (more…)



