ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး အရှေ့ပိုင်းခရိုင် ပါတီဝင်များနှင့် ဆက်လက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကော့မှူးမြို့နယ်ရှိ ပြည်သူလူထုနှင့်တွေ့ဆုံ
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။

“ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ကို ကြည့်ဖို့ လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်”
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကို ကြည့်ဖို့လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။”

ကြားဖြတ် ရွေးကောက်ပွဲအတွက် လုံခြုံရေး တင်းကျပ်မည်
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မလိုလားအပ်သည့် ပဋိပက္ခများနှင့် အကြမ်း ဖက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ (more…)
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဧပြီလတွင် ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီ စင်တီဂရိတ် အထိ ပိုလာနိုင်
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဧပြီလတွင် နေ့အပူချိန်မှာ ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ထားသည်။ (more…)
မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့် မြန်မာအစိုးရကို အသိပေးခဲ့ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကြည်းတပ်နှင့် လေတပ်တို့ မြန်မာနယ်စပ်အနီး၌ မတ် ၂၈ ရက်တွင် ကျည်အစစ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်စစ်ဘက်ဆိုင်ရာ သတင်းအရင်း အမြစ် များက ပြောကြားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန်နှင့် ယင်းဒေသရှိ ပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မတ်လ ၂၈ ရက်) ညနေပိုင်းတွင် ကမာရွက် မြို့နယ်၊ လှည်းတန်းဈေးအနီးတွင် ပြုလုပ်ခဲ့သည်။ (more…)
ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခြောက်ထောင်အထိ မြင့်တက်
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်း ခြောက်ထောင် အထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း ငွေကြေးဈေးကွက်မှ သတင်း ရရှိသည်။ (more…)



