မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်

 

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ် ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးအေးမင်းဇော်၊ မြို့နယ် ကော်မတီဝင် ဦးသန်းဦး၊ အမှတ်(၁)ရပ်ကွက်စည်းရုံးရေးမှူး ဒေါ်ခင်ဝင်း နှင့်ကော်မတီများ၊ လူငယ်ကေဒါများ ယမန်နေ့ နံနက် ၈ နာရီတွင် ပါတီဝင်နေအိမ်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေးကောက် ခံခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပါတီဝင်များက နှစ်စဉ်ကြေးပေးသွင်းမှု စုစုပေါင်းကျပ် ငါးသောင်းတိတိရရှိမှုအား အမှတ် (၁)ရပ်ကွက်တာဝန်ခံ ဒေါ်ခင်ဝင်းက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

ကဆုန်ညောင်ရေသွန်းလောင်းသူများအား စတုဒိသာကျွေးမွေးလှူဒါန်း

 

တောင်ဥက္ကလာပမြို့နယ် ရှေးဟောင်းခုနစ်ဆူဘုရား နှင့်ဥက္ကလာပစေတီတော်ညောင်ရေသွန်းလောင်း လှူပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမျိုးမင်းအောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်အဖွဲ့များ၊ ရပ်ကွက်ပါတီ ကော်မတီဝင် များ စုပေါင်း၍ မေ ၁ဝ ရက်(ကဆုန်လပြည့်နေ့)တွင် စတုဒိသာများလှူဒါန်းခဲ့စဉ်။

စိန်ဝင်းနိုင်


မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ခရိုင် မြို့နယ် ပထမလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ နိုင်ငံရေးစိတ်ဓာတ် သည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းနှင့် များစွာ ကွဲလွဲနေ၍ ခက်ခဲစွာ ညှိနှိုင်းရမည့်အခြေအနေရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ နိုင်ငံရေးအခြေခံစိတ်ဓာတ်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းနှင့် များစွာကွဲလွဲနေ၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ခက်ခဲစွာညှိနှိုင်းရမည့် အခြေအနေရှိသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

(more…)


ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း၏ ဖောင်ဒေးရှင်း ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (သိန်းပေါင်း ငါးသောင်းကျော်) ကို ယင်းဖောင်ဒေးရှင်း ကိုပင် အမည်ပြောင်း ဖွဲ့စည်းခဲ့သော ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေး ခဲ့ကြောင်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ယခင်တိုင်းအစိုးရအဖွဲ့ဟောင်း နယ်စပ်ရေးရာဝန်ကြီးဖြစ်ခဲ့သူ ဦးမောင်မောင်ဝင်းက ပြောကြားသည်။  (more…)


မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-မန္တလေး-ဟောင်ကောင် ခရီးစဉ် ပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ရန်ကုန်-မန္တလေး- ဟောင်ကောင် ခရီးစဉ်အသစ်ကို ဇွန်လ ၄ ရက်နေ့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။ (more…)


ကျပ် ၂၀၀ တန်ထီအား ယခုလနောက်ဆုံး ရောင်းချမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် နောက်ဆုံး ဖွင့်လှစ်ကာ ပိတ်သိမ်းမည်

ကျပ် ၂၀၀ တန်ထီအား ယခုလတွင် နောက်ဆုံးရောင်းချမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် နောက်ဆုံးဖွင့်လှစ်ကာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်းရရှိသည်။ လက်ရှိတွင် ကျပ် ၂၀၀ တန်ထီအား က၊ ခ၊ ဂ စသည့် အက္ခရာ သုံးလုံးသာ ဖြန့်ချိပြီး ဆုမဲများကိုလည်း လျှော့ချခဲ့သည်။ ကျပ် ၅၀၀ တန်ထီပေါ်ပေါက်လာပြီး နောက်ကျပ် ၂၀၀ တန်ထီကို သုံးလတာ ဆက်လက်ရောင်းချ ခဲ့ခြင်းဖြစ်သည်။ (more…)


မန္တလေး-မူဆယ် ဂုတ်တွင်းလမ်းတွင် တံတားသစ်တစ်စင်း တည်ဆောက်ရန်လေ့လာ

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် လမ်းပိုင်းတွင် ယာဉ်ကြော ကျပ်တည်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရေး ဂုတ်တွင်း၌ တံတားသစ်တစ်စင်း တည်ဆောက် ရန် အကြိုလေ့လာမှုများပြုလုပ် နေကြောင်း Oriental Highway ကုမ္ပဏီမှ သတင်းရရှိသည်။  (more…)