ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲ ကျင်းပနိုင်ရေး အတွက် ယနေ့နံနက် ၉ နာရီ ခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲ ကျင်းပနိုင်ရေး အတွက် ယနေ့နံနက် ၉ နာရီ ခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။
ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မျက်နှာစုံညီဆွေးနွေးပွဲအား မြို့နယ်ပါတီရုံးတွင် (၂၂.၈.၂၀၁၇) ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဒေါ်လင်းလင်းသန့်မှ တက်ရောက်ပြီး လစ်လပ် EC အစားထိုးခြင်း၊ လစ်လပ်အရန်မြို့နယ် ကော်မတီအား အစားထိုးအတည်ပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါသည်။
USDP Nyaunglaypin
မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်အားပေးခဲ့သည်။
ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါ ပရဟိတလူငယ်အဖွဲ့မှ လစဉ်ဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ပြုပြင် လုပ်အားပေးခြင်း စသည့်ပရဟိတလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ချောင်းဆုံရပ်/ကျေး အဖွဲ့ဝင်များအား မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံရာတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီ ၏ရှေ့လုပ်ငန်းစဉ် များ၊ ပါတီဝင်အင်အားစီစစ်ရေးနှင့်ပါတီဝင်များ အနေ ဖြင့် ပြည်သူလူထုနှင့်တစ်သားတည်း ဖြစ်ရေဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် (၂၂.၈ ၂၀၁၇) ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့၊ မန္တလေးခရိုင်ပါတီကော်မတီအဖွဲ့၊ မန္တလေးခရိုင်အတွင်းရှိ (၇)မြို့နယ်မှ ပါတီကော်မတီ အဖွဲ့များအားတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ အား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၃ နာရီတွင် တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပသော ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။အဆိုပါတွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၈၉ ဦး တက်ရောက်ကြသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အောက်တိုဘာတွင် အပိုင်းလိုက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စတင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်နေသည့် လမ်းပိုင်း၌ သံလမ်းတစ်ဖက်တည်းကို သာ ခုတ်မောင်းပြေးဆွဲမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။
မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ အပိုင်းနှစ်ပိုင်း အဆင့်မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို ယခုနှစ် အောက်တိုဘာမှ ၂၀၁၈ မေလ အထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်လုပ် ဆောင်မည်ဟု တာဝန်ရှိ သူကဆိုသည်။‘‘စီမံကိန်းနဲ့ပတ်သက်လို့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ထွက်ပါပြီ။ အများပြည်သူသိ အောင်လည်း ဒီတစ်ပတ်ထဲမှာ ပဲသတင်းထုတ်ပြန်ပါမယ်’’ဟု ၎င်းက ပြောသည်။