လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မထောခူကျေးရွာအုပ်စု လောလာ လိကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဝမ့်ကွန်နှင့် လောလာလိရွာပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီခွဲတွင် သွားရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင် ကော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုး ပါတီရှေ့ဆက်လက်လုပ်ဆောင်ရမည့်ပါတီလုပ်ငန်း စဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များသိသင့် သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တဝင့်ဆွေး နွေးခဲ့သည်။



