
၂၀၁၈ ခုနှစ် မေလ (၂၁) ရက်နေ့ နေ့လည် (၁၃း၁၅) အချိန်တွင် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြသည်။








