
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသားစိစစ်ရေးကတ် ၂ ခု ကိုင်ဆောင်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက မေ ၂၉ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသားစိစစ်ရေးကတ် ၂ ခု ကိုင်ဆောင်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက မေ ၂၉ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက ပြောပါတယ်။
ဒီလို ထုတ်ဝေမှာကိုတော့ အခုအစိုးရလက်ထက်မှာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့လို ထုတ်ဝေမှုအတွက် အားလုံးပြင်ဆင်ပြီးသားဖြစ်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ထုတ်လုပ်မှာဖြစ်တယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရလက်ထက်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပါတ်သတ်ပြိး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာပါ။

နေပြည်တော်၊ မေ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် လူငယ်ညီလာခံဖွင့်ပွဲ (ပထမနေ့) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံ ကျင်းပရာသို့ မြန်မာတစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် တက်ရောက်လာကြသော ပါတီဝင်လူငယ်များအား “လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀ အောင်နိုင်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးမျိုးဆက်သစ်”ဟူသော ခေါင်းစဉ်လေးမျိုးဖြင့် အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ ဆွေးနွေးစေခဲ့သည်။

နေပြည်တော်၊ မေ ၂၉

နေပြည်တော်၊မေ ၂၉
* မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းတာဝန်ပေးအပ်နိုင်ရန်၊
* လူငယ်များ၏ စွမ်းရည် မြှင့်တင်ရန်နှင့် လူငယ်များဘဝမြင့်မားတိုးတက်စေရန်၊
* နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး အစရှိသည့်ကဏ္ဍများတွင် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်နိုင်ရန်၊
* လူငယ်ကဏ္ဍဖြင့် နိုင်ငံ၏စွမ်းဆောင်ရည်မြင့်တက်စေ၍ အမျိုးသားရေးစိတ်ဓာတ်များ ရင့်သန် ခိုင်မာစေရန်၊

ဆားလင်းကြီး၊ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲကို မြို့နယ်ခန်းမ၌ပြုလုပ်ပါသည်။
အဆိုပါစုပေါင်းပေးပွဲသို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေနှင့် ဒေါ်ယဉ်မာဝင်း၊ ဒေါ်ကြူမိုးသန့် ၊ ယင်းမာပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန် ၊ ခရိုင်ပါတီကော်မတီဝင်များ ၊ ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်၊ မြို့နယ်ပါတီဝင်များ ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်လောင်းများ တက်ရောက်ကြပါသည်။

တမူး၊ မေ ၂၈
တမူးခရိုင် ခမ်းပါတ်မြို့ ရွာသာကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။
ပါတီဆိုင်းဘုတ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေ က ပါတီရေးရာကိစ္စများ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းပေါင်းစပ် ဆောက်ရွက်ပေးခဲ့သည်။

ဖားကန့်၊၂၈.၅.၂၀၁၈
ရန်ကုန်၊ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါနက်ချောင်းစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ခရိုင်ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

မန္တလေး၊ မေ ၂၈
နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စားပြုလူငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ သည်။