
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီအားလုံး ဇွန်လ ၁၄ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ကော်မရှ င်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ သမ္မတဦးဝင်းမြင့်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ ပါတီများ၏ အသံကို နားထောင်ရန် ဇွန်လ ၁ ရက်က တိုက်တွန်းပြီး နောက်နှစ်ပတ် ခန့်အကြာတွင် ကော်မရှင်က ထိုသို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီ များနှင့်တွေ့ဆုံရာ၌ ဆွေးနွေးမည့် အကြောင်းအရာကို ဦးမြင့်နိုင်က ထုတ်ဖော်ပြောကြားခြင်း မပြုပေ။



