
ဧပြီ ၃ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုအလယ်တန်းရှိ သထုံခရိုင် လဝက ရုံးသို့ လူသတ်အကြမ်းဖက် pdf ၄ ဦး မှ မှတ်ပုံတင်ပြုလုပ်ရန်ဟု ပြောပြီး ရုံးထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ဝန်ထမ်းများအား လက်နက်ဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်းများအားသိမ်း ဆည်းကာ စာရွက်စာတမ်းများအား မီးရှို့ထွက်သွားခဲ့ကြောင်း သိရှိရပါသည်။









