လွိုင်ကော် စက်တင်ဘာ ၉
ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစီး ၍ ပြည်သူ့ဆက်ဆံရေးသင်တန်း ကို ယမန်နေ့နံနက် ၁၁ နာရီက လွိုင်ကော်မြို့နယ်နွားလဝိုးကျေးရွာ အုပ်စု လယ်ထွဲကျေးရွာ အမှတ်-၁၄၃ နွားလဝိုးကျေးရွာအုပ်စု ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယား နေအိမ်တွင် ဖွင့်လှစ်ပို့ချခဲ့သည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။



