
အိန္ဒိယနိုင်ငံ တွင် ကျင်းပမည့် ISTAF WORLD CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကိုယ်စားပြုကစားသမားများ ယမန်နေ့ မတ်လ (၁၇) နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။

အိန္ဒိယနိုင်ငံ တွင် ကျင်းပမည့် ISTAF WORLD CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကိုယ်စားပြုကစားသမားများ ယမန်နေ့ မတ်လ (၁၇) နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။

မြန်မာလက်ဝှေ့အကျော်အမော် စိုးလင်းဦးသည် အမေရိကန်နိုင်ငံ၌ သြဂုတ်လ ၁ ရက်တွင် ကျင်းပမည့် ONE 173 ပွဲစဉ်တွင် အင်္ဂလိပ်ကစ်ဘောင်ဆင်သမား လီယမ်ဟာရီဆင်နှင့် ဘင်တန်ဝိတ်တန်း မွေထိုင်းပွဲစဉ် ထိုးသတ်မည်ဖြစ်ကြောင်း ONE Championship က အတည်ပြုကြေညာခဲ့ပါတယ်။
စိုးလင်းဦး(၃၃ နှစ်)သည် ONE လက်အောက်တွင် ခြောက်ပွဲထိုးသတ်ရာ သုံးပွဲနိုင်၊ သုံးပွဲရှုံးထား ပြီး အစောပိုင်းသုံးပွဲစလုံး အလဲထိုးအနိုင်ရခဲ့သော်လည်း နောက်ဆုံး သုံးပွဲဆက် အမှတ်ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။

ဒဏ်ရာပြဿနာရှိနေတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားမည့် လက်ရွေးစင် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။
မက်ဆီဟာ ယခုရာသီတွင် အင်တာမိုင်ယာမီအတွက် ငါးပွဲကစား လေးဂိုး သွင်းယူထားပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ၎င်း၏ အာဂျင်တီးနားအသင်းဟာ မတ် ၂၂ ရက်မှာ ဥရုဂွေးနဲ့ အဝေးကွင်းပွဲစဉ်၊ မတ် ၂၆ ရက်မှာ ဘရာဇီးနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မတ် (၂၁) ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 101 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် သွေးလင်းထက်တို့၏ တွဲဆိုင်းများ ပါဝင်လာကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၁၂)ပွဲ ပါဝင်မည်ဖြစ်ပြီး အဲမွီတွဲဆိုင်းကို ပွဲစဉ် (၆)၊ သွေးလင်းထက်တွဲဆိုင်းကို ပွဲစဉ် (၇)တွင် ကျင်းပမည်ဖြစ်သည်။

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းဟာ လီဗာပူးကို အနိုင်ရပြီး နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလားတလုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ဒမ်နီဘမ်း၊ အီဆက်ခ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ချေပဂိုးတဂိုး ပြန်ပေးခဲ့ရကာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။

ကြွက်သားဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာအနေနဲ့ လာမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ပယ်မာဟာ ဒီဒဏ်ရာကို စနေနေ့ အသင်းလေ့ကျင့်ရေးမှာ ရရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

အေစီမီလန်အသင်းက ယခုနှစ် ဘောလုံးရာသီအကုန်တွင် ဥရောပဝင်ခွင့်နှင့် လွဲချော်ဖွယ်ရှိနေတဲ့အတွက် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် ရေပန်းစားမှုတွင် ဂျူဗင်တပ်အသင်းနည်းပြ ဟောင်း အယ်လီဂရီ လည်း ပါဝင်လျက်ရှိကြောင်း သိရပါတယ်။
အေစီမီလန်အသင်းက ယခုနှစ်ဘောလုံးရာသီအစတွင် နည်းပြသစ်အဖြစ် ဖွန်ဆီကာ ကို ခန့်အပ်ခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်များဆိုးရွားခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ နည်းပြ ဖွန်ဆီကာ နဲ့လမ်းခွဲခဲ့ပြီး နည်းပြသစ်အဖြစ် ကွန်ဆီကာအို ကို ခန့်အပ်ခဲ့ပါတယ်။