

ရန်ကုန် အောက်တိုဘာ ၂၃ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး AING MOE ENTERTAINMENT က စီစဉ်သော မြန်မာ- ထိုင်း- ဂျပန် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို နိုဝင်ဘာ ၂ရက် မွန်းလွဲ ၁နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစား ခန်းမ၌ FIGHT FOR HOME အမည်ဖြင့် ကျင်းပမည် ဖြစ်သည်။









