နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် အသင်းကို ပြန်လည်ရောင်းထုတ်တော့မည်ဟု တရားဝင် ကြေညာလိုက်ကြောင်း သိရှိရသည်။


မိုက်အက်ရှ်လေသည် နယူးကာဆယ် အသင်းကို ၂၀၀၇ ခုနှစ်တွင် ပေါင်(၁၃၄)သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး (၁၀)နှစ်ကြာ မြင့်ချိန်၌ ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။
မိုက်အက်ရှ်လေသည် ပေါင် (၁.၅)ဘီလီယံ ကြွယ်ဝသူဖြစ်ပြီး ဗြိတိန်တွင် အချမ်းသာဆုံး(၁၅)ဦးစာရင်း၌ ပါဝင်သူဖြစ်ကြောင်းလည်း သိရှိရသည်။









