ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒတ်ခ်ျလူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပြီး ၎င်းရဲ့ နေရာမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ရွိုင်းဟော့ဆန်အား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။


(ဓာတ်ပုံ – အီးပီအေ)
ယခင်ဘာစီလိုနာကစားသမားဟောင်းရဲ့ ကိုင်တွယ်မှုအောက်မှာ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ လိဂ်ပွဲစဉ် လေးပွဲလုံးကို ရှုံးနိမ်ခံခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိခဲ့ပေ။ ဒါဟာ ပရီးမီးယားလိဂ် စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ကတည်းက ဒီအခြေအနေမျိုး မရှိခဲ့ပါဘူး။








