၂၀၁၇ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကပဲ ဆက်လက်ဆွတ်ခူးရရှိသွားပါတယ်။


ရော်နယ်ဒိုဟာ ၂၀၁၇ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး(၄၀)ကျော်သွင်းခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးနိုင်ခဲ့ရာမှာ သူ့သွင်းဂိုးတွေက အရေးပါခဲ့ပါတယ်။ အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့မှာကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို ကမ္ဘာကျော်ဘောလုံးသမားတွေအပြင် ဟောလီးဝုဒ်မှ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ အကောင်းဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုး (ပွတ်ရှ်ကတ်ဆု)ကိုတော့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်ဂိုးသမား ဘူဖွန်က နော်ယာနဲ့ ကေလာနာဗက်စ်တို့ကို ကျော်ပြီး ရရှိခဲ့ပါတယ်။ တခြားအကောင်းဆုံးဆုများ –









