

စပါးတိုက်စစ်ကစားသမားဆွန်ဟာင်မင်ဟာ ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အာရှကစား သမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒီဂိုးဟာ စပါးအတွက် ဆွန်ဟောင်မင်ရဲ့ လိဂ်ဂိုး (၂၀) မြောက်ဂိုးဖြစ်ပြီး ယခင်က (၁၉)ဂိုးနဲ့စံချိန်တင်ခဲ့တဲ့ မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပတ်ဂျီဆန်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင်က “ အလွန်ပဲ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ စံချိန်ချိုးနိုင်ခဲ့တဲ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့် မိသားစုကလည်း ဒီမှာရှိနေခဲ့ပါတယ်။ ကျွန်တော့်အတွက် အထူးစပါရှယ်နေ့တစ်နေ့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။









