
ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ယမန်နေ့ကမှ ရီးရဲမက်ဒရစ်အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကစားလိုတယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာကို ရောင်းချလိုနေတယ်လို့ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ရာသီကုန်မှာ ဖလားလက်မဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် နေမာကို ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုကလည်း လာမယ့်နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရော်နယ်ဒိုမရှိတဲ့ နောက်ပိုင်းမှာ အသင်းအတွက် အားထားရမယ့် ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။









