
ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာက ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူရန်မျှော်လင့်ထားသည်ဟု ဆိုလိုက်သည်။ ဖက်ဒရာမှာ သြစတြေးလျှအိုးပင်း တစ်ဦးချင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့ပြီး ဂရန်းဆလန်း အကြိမ်(၂၀)ရကစားသမားအဖြစ် စံချိန်သစ်တစ်ရပ်ကို ထပ်မံတင်ယူသွားနိုင်ခဲ့သည်။









