
အောင်မြင်မှုရနိုင်မယ့် ကစားနည်းတွေကိုသာ ရွေးချယ်ပြီး အကျစ်လျစ်ဆုံး သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲကို ကစားနည်း လေးမျိုးတည်းနဲ့ သွားရောက်ယှဉ်ပြိုင်ရတာ ဖြစ်တယ်လို့ နေပြည်တော် အားကစားလေ့ကျင့်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ပြောပါတယ်။
လာမယ့် အာရှအားကစားပြိုင်ပွဲအတွက် ကစားနည်း ၄ မျိုးဖြစ်တဲ့ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ သေနတ်ပစ်နဲ့ လှေလှော်အားကစားနည်း လေးမျိုးကို စေလွှတ်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။








