
ရီးရဲလ်နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတဲ့ လိုပက်တီဂူဟာ ဂိုးသမားဒီဂီယာနဲ့ အဆင်ပြေသူဖြစ်လို့ သူ့ကို လက်လွှတ်ရမယ့်အပေါ် မန်ယူဘက်က စိုးရိမ်နေတယ်လို့ သိရပါတယ်။
လိုပက်တီဂူဟာ စပိန်အသင်းနည်းပြဖြစ်ပြီး ကမ္ဘာ့ဖလားပြီးရင် ရီးရဲလ်ကိုတာဝန်ယူမှာ ဖြစ်ပါတယ်။ သူဟာ စပိန် ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်သစ် ချုပ်ထားတာ မကြာသေးတဲ့အတွက် ရီးရဲလ် ဘက်က သူ့အတွက် လျော်ကြေးပေါင် ၁.၇၅ သန်း ပေးချေခဲ့ရပါတယ်။









