ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၏ ဧပြီလ (၂၇)ရက်နေ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း လမ်းညွှန်ခဲ့မှုများကို အကောင်အထည် ဖော်သည့်အနေဖြင့် ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ပြည်နယ် ပါတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် အတွင်းရေးမှူးများ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များသည် ယခုလ (၅)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတွင် အဓိကကျသော အောက်ခြေရပ်ကွက်နှင့် ကျေးရွာအဆင့် ပါတီကေဒါ ပြင်ဆင် ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။