

















ဧပြီ ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရေးရာကော်မတီများ၊ ဌာနများတွင် အသီးသီးတာဝန်ထမ်းဆောင်နေကြသော ဦးစီးရုံးအဖွဲ့ဝင်များအတွက် နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကိုလည်း ဥက္ကဋ္ဌကြီး၏ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ရာ ပါတီဌာနချုပ်မှူးနှင့် တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ပြီး နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၁၀.၄.၂၀၂၄နေ့ နေ့လည် ၁၁း၃၀ တွင်ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး (၄/၂၀၂၄) ထပ်ဆင့်ရှင်းလင်းပွဲဆောင်ရွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်းတက်ရောက်ခဲ့ပါသည်။
ဗဟိုအတွင်းရေးမှူးက အစည်း အဝေးကျင်းပရာတွင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ပါတီဖွဲ့စည်းမှုမှန်ကန်ရေး၊စည်းရုံးရေးဆိုင်ရာများ၊ ပါတီဝင်စိစစ်မှုများ၊Mapping ဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်းက ပါတီဥက္ကဌ၏ လမ်းညွှန်ချက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ လမ်းညွှန်ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင်များ၊ခရိုင်(၈)ခရိုင်မှပါတီဥက္ကဌများ၊(၂၆)မြို့နယ်မှပါတီဥက္ကဌများစုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး နေ့လည် ၁၃း၁၀တွင်တွေဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။

မန္တလေး ဧပြီ ၈









ဧပြီ ၄၊ နေပြည်တော်






မတ် ၂၃၊ နေပြည်တော်








မတ် ၁၈၊ နေပြည်တော်











မတ် ၁၄၊ နေပြည်တော်



