

နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်သည် ၂၁.၉.၂၀၂၄ရက်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာရှိ ရှေးဟောင်းကျောင်းတော်ကြီး၌ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေ (၁၅)သိန်းကျပ်၊(၂၄)ပြည်ပါ ဆန်(၁၀)အိတ် ဆီ၁၀ပိသာဗူး( ၂)ဗူးအားလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် ပညာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း၌ရေဘေးသင့်ပြည်သူများ အတွက် ငွေ(၁၀)သိန်းကျပ်၊ဆန်၂၄ပြည်အိတ်၁၀အိတ်၊ဆီ၁၀ပိသာဗူး၂ဗူးတို့အားလှူဒါန်းခဲ့ပြီး ရေဘေးသင့်မိသားစုဝင်များအားအားပေးစကားပြောကြားခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီခေတ္တဥက္ကဌဦးလှဆွေနှင့်အတူပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။




































