

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ တွေ့ဆုံပွဲကို ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့က ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ တွေ့ဆုံပွဲကို ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့က ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။


မကွေး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ပါတီအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌအပါအဝင် အင်အား ၅ဝ တက်ရောက်ခဲ့သည်။


တနသာင်္ရီ နိုဝင်ဘာ ၉


တနင်္သာရီ နိုဝင်ဘာ ၉
ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်ပြီး ပါတီဝင်များအား ကိုယ်တိုင်ချီးမြှင့်အားပေးလျှက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ လိပ်ကြယ်ပြောင်ကျေးရွာ ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။


တနသာင်္သာရီ နိုဝင်ဘာ ၈


တနသာင်္ရီ နိုဝင်ဘာ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ တနသာင်္ရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များသည် ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီတွင် တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ရှင်ကိုးရှင် ကလိန်အောင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုကန်တော့ကာ စေတီတော်ဂေါပကအဖွဲ့အား စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့မှပေးအပ်သော စေတီတော်ဓာတ်ပုံများအား ကြည်ညိုပူဇော်ရန်လက်ခံရယူခဲ့သည်။


မွန် နိုဝင်ဘာ ၈


တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ထိုင်းနိုင်ငံအနှံနယ်လှည့် မျက်စီ၊ မျက်မှန် အထူးကုသနေသည့်အဖွဲ့ဖြင့် တာချီလိတ်မြို့ သို့လာရောက်ပြီး (အခမဲ့) ကုသရေးများ ဆောင်ရွက်ရန် နေရာများကို (၇-၁၁-၂၀၁၇) ရက်နေ့တွင် အောက်ပါအတိုင်း အစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ် သတ်မှတ်ခဲ့ကြပါသည်။
(က) ၇-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁၂) မှ ညနေ (၆) နာရီထိ ဖန်မင်အုပ်စု။


သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးများ၏ လစဉ်လုပ်ငန်းညှိ့နှိုင်းစည်းဝေးပွဲကို ၆.၁၁.၂၀၁၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းနားသို့ ပြည်နယ်ကော်မတီဝင် ဦးစိုင်းစိန်လင်း ၊ခရိုင်ကော်မတီဝင် ဦးအုန်းမောင်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်နှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေး စည်းရုံးရေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပါသည်။


ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ ကို နိုင်ငံတော် သီချင်းဖြင့် (7-11-2017) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ တွင် တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင့်ပွား)သင်တန်း ၂/၂၀၁၇ သင်တန်းသား များအား နံနက်စာ ကောက်ညှင်းပေါင်း ငါးခြောက်မီးကင်နှင့် ပဲပြုတ် ၊ ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။