


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့ရှိ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ၊ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံ
====================
ပဲခူး နိုဝင်ဘာ ၃၀
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပေါက်ခေါင်းမြို့၌ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံခဲ့ပါသည်။





























