ဇူလိုင် ၃ – ကျိုက်ထို
ဇူလိုင် ၃ – ကျိုက်ထို
ရန်ကုန် ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင် မြတ်စု၊ တိုက်နယ်တာဝန်ခံ ဦး ကြည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝနာရီက ပဒတ္ထိုင်း ကျေးရွာနေ မြို့နယ်ပါတီကော်မတီ အရန်တပ်ဖွဲ့ဝင် ကိုစည်သူအောင် (၂ဝ၁၈တက္ကသိုလ်ဝင်တန်းအောင်) ၏နေအိမ်သို့သွားရောက်ကာပညာ သင်ထောက်ပံ့ကြေးငွေကျပ်၅ဝဝဝဝ ပေးအပ်ခဲ့ပြီး အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်း ဇူလိုင် ၃
ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၃)ရပ်ကွက်တွင် ယနေ့နံနက် ၉နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပြီး ပါတီဝင်တွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အတွင်းရေးမှူး ဦးသူရဝင်းတင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ ကာ ပါတီဆိုင်းဘုတ်တင်ကြပြီးနောက် ပါတီဝင်များတွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား ၄ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပဲခူး ဇူလိုင် ၃
ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင် သော မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များသည် ယမန် နေ့ မွန်းလွဲ ၂ နာရီက ဘုရားကြီးမြို့ ဘောနတ်ကြီးကျေးရွာ အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ ရှေ့တန်းစစ်မြေပြင်တွင် အောင်ပွဲရပြီး ပြန်လာသော တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ကမ်းလှမ်းကြိုဆိုခြင်း၊ ရေသန့်ဘူးများကမ်းပေးခြင်းတို့ဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ တပ်မတော်မိသားစုဝင်များနှင့်အတူ နွေးထွေးလှိုက်လှဲစွာ သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပါတီရုံးသို့ ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီများဖြင့် လာရောက်တွေ့ဆုံဆွေးပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦး၊ အတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ဒေါ်ထားထားနု၊ ဦးကျော်မြင့်၊ ခရိုင်ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်း၊ ကော်မတီဝင် ဦးကျော်မင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။
(၃.၇.၂၀၁၈) ရက်နေ့ (၁၃း၀၀) အချိန်တွင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဇာလီထွန်းတို့သည် ကျန်တန်းရပ်ကွက်၊ ဆားချက်ရပ်သို့နယ်မြေကွင်းဆင်းပြီး အမျိုးသမီးများ တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရေးအတွက် ဘက်စုံသုံးဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်၊ သဘာဝခေါင်းလျော်ရေပြုလုပ်နည်း အဆင့်အဆင့်တို့အား လက်တွေ့ပြုလုပ်ကာ ရှင်းလင်းပြသခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့် စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးအဖွဲ့ဝင်များမှ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခြံသန့်ရှင်းရေးကို နေ့လည်(၁၄း၀၀)အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းလုပ်အား ပေးခဲ့ကြသည်။
USDP(စစ်တွေ
ရန်ကုန်၊ ဇူလိုင်၊ ၃၊
ရွှေပြည်သာမြို့နယ်
နောင်ချိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၃.၇.၂၀၁၈ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်အစည်းအဝေးခန်းမအတွင် ကျင်းပပြီး ပါတီဆိုင်းဘုတ်များအသစ်စိုက်ထူရေးနှင့် ပါတီရေးရာကိစ္စများကို ပါတီဥက္ကဌ ဦးချိန်ကြီး၊အတွင်းရေးမှူး ဦးကျော်မြင့်နိုင်၊ ဘဏ္ဍာရေးမှူး ဦးစိုင်းသန်းအောင်၊ ပါတီစည်းကမ်းထိန်းသိမ်းရေး ဦးကျော်လှိုင်၊ ဦးညွန့်ဝင်း၊ ဦးတင်အောင်ဝင်း၊ ဦးသိန်းထွန်းဦး၊ ဦးအောင်ဌေးကို၊ ဦးဆန်းဦးမြ၊ ဦးအောင်မြင့်နှင့် အစည်းအဝေးမှတ်တမ်းတင်သူ ဒေါ်နှင်းပွင့်ဖြူ တို့တက်ရောက်ကြပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပါတီရေးရာကိစ္စများ၊ ပါတီဆိုင်းဘုတ်များအသစ်လဲလှယ်စိုက်ထူးရေး ကိစ္စများ၊ မြို့ပေါ် (6) ရပ်ကွက်ပါတီဆိုင်းဘုတ် အသစ် စိုက်ထူးရေးနှင့် ရပ်/ကျေးဥက္ကဌနှင့်အဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ရန် ကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။