သြဂုတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီိဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ ဒေါ်နီနီမာ တို့လိုက်ပါလျှက် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင်ရွှေကျင်မြို့နယ်တွင်း စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးခြင်းခံရသော ကျွန်းတဲစုရွာ၊ စံဖဲရွာ၊ ညောင်အိုင်ရွာများရှိ မိဘပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများအား ကူညီထောက်ပံ့ပေးခဲ့သည်။
