ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ညောင်တုန်းမြို့တွင်ကျင်းပ

 

ညောင်တုန်း ဖေဖော်ဝါရီ ၁၂

ညောင်တုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်ထောင်စုနေ့အထိမ်း အမှတ်အဖြစ်ကျင်းပသော ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဖလား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက ကျင်းပခဲ့ သည်။

ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များပြုလုပ်ပေး

 

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရေထွက်ကျေးရွာပါတီဝင် ဦးကြည်အောင်၏နေအိမ်၌ ပြုလုပ် ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပါတီ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်၊ အရန်ပါတီကော်မတီဝင်ဦးသိန်းလွင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင် ရွက်ခဲ့ရာ ပါတီဝင်အသစ် ၃၇ ဦး ပါတီသို့ယုံကြည်စွာဖြင့် ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်

 

ပဲခူး ဖေဖော်ဝါရီ ၁၂

ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နား ကွင်းတွင် ယမန်နေ့ နံနက် ၇နာရီခွဲက ကျင်းပသည့်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

လှည်းကူးမြို့နယ်တွင် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ကျေးရွာနေပြည်သူများအား ဆေးကုသမှုဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများရန်ကုန်တိုင်းမှမြို့နယ်ပါတီဥက္ကဌများနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးတို့သည် ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၁၀)နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒါက်တာကျော်စိုး ဘဏ္ဍာရေးမှူး ဒ်ါအေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌမျာား မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မြန်မာနိုင်ငံဆိုင်ရာဆွီဒင်နိုင်ငံသံရုံးမှသံမှူးကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Ghin Mang Shoute အား ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။

ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လပတ်ပုံမှန်အစည်းအဝေး မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပ

 

06 February 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် ယမန်နေ့နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိလပတ်ပုံမှန် အစည်းအဝေး ကျင်းပသည်။

တန့်ဆည် ပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

 

ဖေဖော်ဝါရီ ၇ ရက် ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ချောင်းရိုးအုပ်စု ဖန်းခါးဇင်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ၊ဦးထွန်းတင်၊ ဦးဝင်းဇော် ၊ဦးဖိုးကျော်၊ ဦးမင်းမင်းအောင်၊ ဦးကျော်ဦး ၊ဦးသန့်စင်ဝင်း၊ ဒေါ်နှင်းစုလှိုင်တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

ဘုတလင်​ မြို့ ​နယ်​ ငပယင်း​ကျေးရွာ ​ရေ​နွေးကြမ်းစကားဝိုင်းနှင့်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​တင်

 

ဘုတလင်​ ။ ၇.၂.၂၀၁၉။

စစ်​ကိုင်းတိုင်း ​ဒေသကြီး မုံရွာ ခရိုင်​ ဘုတလင်​ မြို့ ​​​​​နယ်​ ငပယင်း​ကျေးရွာအုပ်​စု ငပယင်း​ကျေးရွာ မင်းကြီးရပ်​ကွက်​ ​ဦး​​မြင့်​ဌေး​၏ ​နေအိမ်​ခြံဝင်းအတွင်းတွင်​ ယ​နေ့နံနက်​ (၉:၀၀) နာရီတွင်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​ တင်​ပွဲ အခမ်းအနားနှင့် ရေ​နွေးကြမ်းစကားဝိုင်း ပြုလုပ်​ခဲ့ပါသည်​။

ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာရှင်အသင်း ပြည်ထောင်စုနေ့အကြို အဖြစ် ပြည်သူ့ဆေးရုံတွင် အဟာရဒါနလှူဒါန်း

 

သီပေါ ဖေဖော်ဝါရီ ၆ ရက်

ယမန်နေ့ (၆.၂.၂၀၁၉) ရက်နေ့တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် သီပေါမြို့ ပြည်သူ့ ဆးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများအား ဖြိုးစေတနာအသင်းက ကြက်ဥ၊ကွေကာ၊ဆန်ပြုတ် စသည်တို့ကို သွားရောက် လှူဒါနန်း ပေးခဲ့ကြပါသည်။