ကံမ ဧပြီ ၁
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်သာသနာ့ဗိမာန်ဝင်းအတွင်း ယမန်နေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှပင့်ဆောင်လာသော မဟာဗောဓိ ညောင်ပင်လှူဒါန်းစိုက်ပျိုးခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်စိုက်ပျိုးပြီး ကုသိုလ်ယူ လှူဒါန်းရေစက်ချခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ကံမမြို့ ယွမ်းကျောင်းပရိယတ္တိစာသင်တိုက်ကျောင်းတိုက်တွင် ပြုလုပ်သော သိက္ခာထပ်ရှင်ပြုမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကာ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကန်တော့ခဲ့ကြောင်း သိရ သည်။



