ကလေး မေ ၁၅
ကလေး မေ ၁၅
ကောလင်း မေ ၁၅
ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရဲစိန်၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။ ထိုဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်အမှုဆောင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။ ဆိုင်းဘုတ်တင်အပြီးတွင် ရပ်မိရပ်ဖများနှင့် တက်ရောက် လာကြသော ပါတီဝင်များမေးမြန်းမှုကို ဦးအောင်သန်းဦးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။ ကျော်လွင်ဦး(ကောလင်း)
ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၉ နာရီခန့်က မင်းကွန်းကျေးရွာ တောင်သူဦးကြီး ဦးလှထွန်း၏ နေအိမ်တဲဝိုင်းအတွင်း၌ အစွဲကင်းသော လွတ်လပ်သည့် ကျေးလက်စကားဝိုင်းကို ကျင်းပခဲ့ သည်။
မေ ၁၅၊ ပုသိမ်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၁၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌများ ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် တိုင်းပါတီရုံး ခန်းမတွင် တွေ့ဆုံ ခဲ့ပါသည်။
ပုသိမ် ၊ မေ ၁၅
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၁၅-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကိုးဆူဘူတာကုန်း ကျေးရွာရှိ ဒေသခံပါတီဝင်များနှင့် ရင်းရင်းနှီးနှီးေ တွ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ မိမိတို့ပါတီမှ ဆောင်ရွက်နေသော ကိစ္စရပ်များ၊ လွှတ်တော်အတွင်း ပုဒ်မ (၂၆၁) ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြား ခဲ့ပါသည်။
နေပြည်တော်၊ မေ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၅ ရက်နေ့ ညနေ ၃နာရီခွဲ အချိန်၌ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ဒိုက်ဦးမြို့နယ်ပါတီရုံး ခန်းမ၌ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
မအူပင် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ်အတွင်းရှိ လေးအိမ်စု တိုက်နယ် (၁) ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက ထိရောက်အောင်မြင်သော စည်းရုံးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ရပ်ကျေးပါတီ ကော်မတီဝင်များက လိုအပ်ချက်များ တင်ပြ ဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
မန္တလေး မေ ၁၄
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အုပ်စက်ရပ်ရှိ ရပ်ကွက်ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝနာရီမှ ၁၁ နာရီထိ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့် တက်ရောက် ဆွေးနွေးခဲ့သည်။
ရန်ကုန် မေ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ စမ်းသပ်ကုသ ပေးခဲ့ကြောင်း သိရသည်။
တမူးပြည်ခိုင်ဖြိုးပါတီ ပါတီရေးရာ လုပ်ငန်းညှိနိုင်း ဆွေးနွေးပွဲကို ပြည်ခိုင်ဖြိုးပါတီ `ရွှေခြင်္သေ့´ခန်းမတွင် ယမန်နေ့ ၁၅း၀၀ နာရီအချိန်၌ စတင်ကျင်းပ ပြုလုပ်ပါသည်။
အခမ်းအနားကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် ကောင်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ကော်မတီဝင်များ၊ မြို့မ၊ ဈေးတန်း၊ စော်ဘွားနှင့်စန္ဒကူးရပ်ကွက်တို့မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များနှင့် ပါတီဝင်ပြည်သူများ တက်ရောက်ကြပါသည်။