တနင်္သာရီ ဇွန် ၁၆
တနင်္သာရီ ဇွန် ၁၆
ရန်ကုန် ဇွန် ၁၆
ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံစားသောက်ကုန်များအား ရပ်ကွက်ကျေးရွာနေသူများသို့ လိုက်လံ ဝေငှလှူဒါန်းပေးခဲ့သည်။ သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေး၊ ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးရဲဆွေလှိုင်၊ ဦးမျိုးဝင်းညွန့်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ရွှေပြည်သာအမှတ် (၂၀) ရပ်ကွက်အတွင်းရှိ ပေါ်တော်မူ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအား ဆန်နှစ်အိတ်နှင့် လက်သန့်ဆေး ဆပ်ပြာ ဆီများအား သွားရောက်လှူဒါန်းခဲ့သည်။
တနင်္သာရီ ဇွန် ၁၅
မိုးမောက် ဇွန် ၁၅
မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှသင်ရိုးသစ် သင်တန်းတက်ရောက်သော ဆရာဆရာမများနှင့် နည်းပြများ၊ ရုံးအဖွဲ့များအား ကာဘော်လစ်ဆပ်ပြာ၊ Mask များ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲကမိုးမောက်မြို့ အထကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပေမယ့် COVID-19 လို မမြင်ရတဲ့ ရောဂါဖြစ်ပွား လာနိုင် တာကြောင့် သတိဝိရိယထားပြုမူ နေထိုင်လုပ်ကိုင်ကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးပြီး ကျေးရွာ တွေမှာ လိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းဆောင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဇွန် ၁၄၊ ကံမ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုမှ ၁၄-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ဆေးရုံ၊ ကြို့ပင်တိုက်နယ်ဆေးရုံ၊ ရေနံ့သာတိုက်နယ်ဆေးရုံ၊ ရေနံ့သာ အ.ထ.က ကျောင်းများအတွက် Covid – 19 ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။
ဇွန် ၁၄
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် မှော်ဘီမြို့နယ် လှပဒါးကျေးရွာအုပ်စု သင်တောရိုး ကျေးရွာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းရန်အတွက် အလှူငွေ (၂၀၀၀၀၀) နှင့် ပါးစပ်နှင့်နှာခေါင်းစီး (mask) များအား သွားရောက်လှူဒါန်း ခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် မှော်ဘီပြည်ခိုင်ဖြိုး ပါတီနာယက ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံ သွားရောက် လှူဒါန်းခဲ့ပါသည်။ ဘိုတေ(ရွှေပြည်သာ)
ဇွန် ၁၅၊ ကျိုက်ထို
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုက်ထို မြို့နယ် ရှိ စျေးများ နှင့် ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင် Covid -19 ရောဂါကာကွယ်နိုင်ရန် Mask ၂၀၀၀ အား ယနေ့ နံနက် ၇ နာရီ အချိန် မှ စ၍ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုအား ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာပါတီ၀င်များးမှ စုပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်
ကြာအင်းဆိပ်ကြီး ဇွန် ၁၁
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။
ဇွန် ၁၁၊ ကံမ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကံမမြို့နယ်အတွင်း Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်နှင့် အခြားပရဟိတအဖွဲ့များနှင့်လည်း ကူညီ ဆောင်ရွက်မှုများပြုလုပ်လျက် ရှိပါသည်။