
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်းသိုမြို့နယ်၏ ကျောက်မောင်းတောင် စေတီတော်မြတ်ကို သွားရောက်ဖူးမြော် ကြည်ညို၍ ကျောက်မောင်းတောင် တောရတွင် သီတင်းသုံးတော်မူသော ချောင်းဆုံဆရာတော်ကြီးအား လှူဖွယ် ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ပြီး သြဝါဒခံယူခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဝန်းသိုမြို့သို့ ဆက်လက်သွားရောက်ပြီး ခန္တီးစာသင် တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန ဆရာတော်အား လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ဆရာတော်ကြီး၏ ဆုံးမသြဝါဒကို ခံယူခဲ့ကြောင်း သိရသည်။










