
မေ ၂၉၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။












