
စစ်တွေမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရက်(၉၀)စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးအခမ်းအနား တွင် တတိယအကြိမ်ပါတီ ညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီ၏ ရက်(၉၀)အတွင်း လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစီမံချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။











