
(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်ရှိ ရှင်အရဟံသိမ် ကျောင်းတိုက်၌ အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်များ၊ပါတီဝင်များ၊ အလှူရှင်များ၏ ပဉ္စမ အကြိမ်စုပေါင်းမဟာဘုံကထိန် တရားတော်နာ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှင်အရဟံသိမ် ကျောင်းတိုက်၊ကမ္ဘာအေးကျောင်းဆရာတော် ဘဒ္ဒန္တပါသကအမှုးပြုသော ပင့်သံဃာတော် (၁၅)ပါးကြွရောက် တော်မူပြီး ဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တ ပါသကထံမှငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့်ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပါသည်။











