
လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးကြရမည့် First Voters များဖြစ်ကြသည့် လူငယ်များအား ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟော ပြောပြီး လာမည့်ရွေးကောက်ပွဲ၏ PR စနစ်အကြောင်းကိုလည်း ပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူ First Voters လူငယ်များမှ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်








