ပြီးခဲ့သည့် အင်္ဂါနေ့က Apple သည် “အလွယ်တကူ သယ်ဆောင်နိုင်သော ထုတ်ကုန်များ အသုံးပြု၍ ကားကို အသုံးပြုခြင်း” ဟု အမည်ပေးထားသော မူပိုင်ခွင့်ကို ရရှိခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က Apple သည် “အလွယ်တကူ သယ်ဆောင်နိုင်သော ထုတ်ကုန်များ အသုံးပြု၍ ကားကို အသုံးပြုခြင်း” ဟု အမည်ပေးထားသော မူပိုင်ခွင့်ကို ရရှိခဲ့သည်။

မိုဘိုင်းငွေကြေး ဝန်ဆောင်မှုစနစ်တစ်ခုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် ပြည်တွင်းတွင် ထိုင်းနိုင်ငံ လုပ်ငန်းခွဲ အနေဖြင့် လာရောက်လုပ်ကိုင်နေသော True Money Myanmar တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစနစ်ကို မကြာမီ မိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။“ လုပ်နေတာကတော့ ၂ လ၊ ၃ လလောက် ရှိနေပါပြီ။ target ကတော့ နောက် ၃ လလောက်အတွင်း ထားပေမယ့် အခြေအနေကိုတော့ စောင့်ကြည့်နေတာမို့ သေချာတော့ ပြောလို့မရပါဘူး။ ဆော့ဖ်ဝဲပိုင်း၊ နည်းပညာပိုင်းကျတော့ true ဘက်ကများပါတယ်။

Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အမှုဆောင် အရာရှိချုပ် Mr Rene Meza က ပြောသည်။ Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ၀န်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီ ဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆိုသည်။

Apple မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Stylus Touch Pen ဖြစ်သည်။ Pressure-sensitive အမျိုးအစား Touch Pen ဖြစ်ပြီး ပုံဆွဲခြင်းအတွက် လိုသလို ဖိ၍ ရေးဆွဲခြင်း၊ ခပ်ဖွဖွ ဖော့၍ရေးဆွဲခြင်း အစရှိသည်ဖြင့် အသုံးပြု ရေးဆွဲနိုင်မည်ဖြစ်သည်။ ပန်းချီဆွဲခြင်း၊ ခဲခြစ်ပုံဆွဲခြင်းများကို ခဲတံဖြင့် ရေးဆွဲသကဲ့သို့ သဘာဝကျကျ ကိုင်တွယ် ရေးဆွဲနိုင်မည် ဖြစ်ပြီး ကိုင်တွယ်ရေးဆွဲခြင်းအတွက် လက်နှင့် အံဝင်ခွင်ကျရှိသည့်အပြင် ပေါ့ပါးမှုရှိမည်ဖြစ်သည်။

Myanmar Set Dream မြန်မာပိုင်ဂြိုဟ်တုစနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း မေ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ Practice ACM-ICPC Programming Contest (UIT-Myanmar) ပြိုင်ပွဲကို မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် Room 511 နှင့် Room 512 တို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ဆင်သူ၏ လက်သို့မဟုတ် လက်ဖျံတွင် virtual user interface များ ဖော်ပြပေးနိုင်မည့် စမတ်နာရီနည်းပညာအတွက် မူပိုင်ခွင့်တစ်ခုကို Samsung က လျှောက်ထားခဲ့သည်။ အဆိုပါ မူပိုင်ခွင့်တွင် နံရံတစ်ခုကဲ့သို့သော ဘေးပတ်လည်ဝန်းရံထားသည့် မျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ဖော်ပြပေးနိုင်သည့် VR နှင့် AR headset များကဲ့သို့ ဦးခေါင်းတွင်ဝတ်ဆင်ရသည့် display များ၌ အသုံးပြုထားသော နည်းပညာအတိုင်း ပြသထားသည်။

ViVo မှ နောက်ဆုံးထုတ်လုပ်ထားသည့် V3 နှင့် V3 Max မော်ဒယ်များကို ပြည်တွင်း၌ စတင်ရောင်းချခြင်းနှင့် အဆိုပါ ဖုန်းများ မိတ်ဆက်ပွဲအား မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ V3 နှင့် V3 Max မော်ဒယ်များတွင် ဝ.၂ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်နိုင်သည့် Fringerprint Unlocking နည်းပညာ၊ ၅ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီခန့် အသုံးပြု နိုင်သည့် မြန်ဆန်သော Flash Charge အားသွင်းနည်းပညာ၊ အသံပိုင်းအတွက် Smart Amp နည်းပညာများ၊ ဝ.၂ စက္ကန့်အတွင်း Focus ဖမ်းယူနိုင်သည့် PDAF ကင်မရာနည်းပညာနှင့် Split-Screen Multitasking နည်းပညာများ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။

Microsoft သည် Windows 10 Mobile အတွက် လက်ဗွေဖတ်စနစ် အထောက်အပံ့ကို Windows 10 Mobile Anniversary Update နှင့်အတူ ဖြန့်ချိသွားရန် စီစဉ်နေကြောင်း WinHEC ကွန်ဖရင့်စ်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ကာလကြာရှည် ကောလာဟလသတင်းများ ထွက်ပေါ်နေသော Samsung ၏ ခေါက်ထားနိုင်သော စမတ်ဖုန်းကို ၂၀၁၇ ခုနှစ်တွင် တွေ့မြင်ရဖွယ်ရှိသည်။
အသစ်ထွက်ပေါ်လာသော ကောလာဟလ သတင်းတစ်ရပ်အရ အဆိုပါ ထုတ်ကုန်ကို Galaxy X ဟု ခေါ်ဆိုကြောင်း နှင့် ၎င်းသည် လာမည့်နှစ်တွင် ကုမ္ပဏီမှဖြန့်ချိမည့် အထင်ကရဖုန်း ငါးခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။