
ကျွန်ုပ် (တို့) မျှော်မှန်းသော ပညာရေးစနစ် ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ Youth Society for Education Official Page မှာ ဖိတ်ခေါ်ထားတာဖြစ်ပြီး ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေရဲ့ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်၊ မိဘပြည်သူများအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကာ Youth Society for Education က ဦးဆောင်ပြုလုပ် တာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုတွေကို September 15 ရက်နေ့ နောက်ဆုံးထား တင်သွင်း ရမြှာ ဖစ်ကြောင်း၊ ဒီနေရာမှ ပြိုင်ပွဲဝင်လျှောက်လွှာကို ရယူဖြည့်စွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။








