
OnePlus တည်ထောင်ခဲ့သူ ကားပိုင်း ရဲ့ Nothing ကုမ္ပဏီ ကနေ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်း Nothing Phone (1) သတင်းတွေဟာ လပေါင်းများစွာ သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရားဝင် ကြေညာလိုက်ပါပြီ။

OnePlus တည်ထောင်ခဲ့သူ ကားပိုင်း ရဲ့ Nothing ကုမ္ပဏီ ကနေ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်း Nothing Phone (1) သတင်းတွေဟာ လပေါင်းများစွာ သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရားဝင် ကြေညာလိုက်ပါပြီ။

တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ဦးက ဆိုက်ဘာတိုက်ခိုက်ခိုးယူသွားပြီး ဒီအချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီဟက်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသား ရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာ ဖြစ်ကြောင်း အချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ဖိုရမ်တစ်ခုမှာ ထုတ်ဖော်ပြောဆို ထားပါတယ်။

Xiaomi က အရင်နှစ်ထုတ် Mi 11 Lite NE 5G ရဲ့ မျိုးဆက်သစ် 12 Lite ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး HDR10+ , Dolby Vision Support ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

ဒူဘိုင်းက နည်းပညာ နယ်ပယ်မှာ အလုပ်လုပ်နေသူတွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးရနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အနည်းဆုံး လုပ်သက် ၃ နှစ်ရှိတဲ့ ဒူဘိုင်းက Software Engineer တွေဟာ လန်ဒန်၊ အမ်စတာဒမ်နဲ့ ဘာလင်က Software Engineer တွေထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

ကမ္ဘာ့ အကြီးမားဆုံး နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ ဖုန်း၊ တက်ဘလက်နဲ့ အီလက်ထရောနစ် ဈေးကွက်ဟာ အကြီးမားဆုံး ပြောင်းလဲတော့မှာပါ။ ဘာလို့လည်း ဆိုတော့ Apple, Samsung, DJI , Ericsson တို့လို အနောက်နိုင်ငံက Brand တွေဟာ ရုရှားကို စွန့်ခွာသွားလို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွမ်းကျင်သူတွေက ရုရှား ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ် Brand တွေ သိမ်းပိုက်တော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ဂျပန်ကားထုတ်လုပ်သည့်တိုယိုတာနှင့် နစ်ဆန်းတို့ကပြိုင်ဘက်များဖြစ်သည့် တောင်ကိုရီးယားနှင့် တရုတ်ကို အမီလိုက်နိုင်ရန် ရည်မှန်းပြီး လျှပ်စစ်ကားများထုတ်လျက်ရှိသည်။
အင်ဒိုနီးရှားတွင်ကျင်းပနေသည့် Group of Twenty အစည်းအဝေးကို လက်ခံကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်ကာ တိုယိုတာမော်တာနှင့် နစ်ဆန်းမော်တာ အပါအဝင် ဂျပန်ကားထုတ်လုပ်သူငါးဦးသည် ယခုလအတွင်း ဘာလီတွင် ၎င်းတို့၏ လျှပ်စစ်ကားများကို သရုပ်ပြခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

Xiaomi က 12S Series ကို ကြေညာလိုက်ပြီး အားလုံးထဲမှာ 12S Ultra က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ ၆.၇၃ လက်မ LTPO 2.0 AMOLED မျက်နှာပြင် ပါလာပြီး 2K Resolution, 120Hz Refresh Rate နဲ့ 1500 nits Peak Brightness တွေ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Dolby Vision နဲ့ HDR10+ စံနှုန်းတွေ ပါပါတယ်။

ဗီဒီယိုမျှဝေတဲ့ TikTok ကို အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ Apple နှင့် Google ကို အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင် (အက်ဖ်စီစီ) က တိုက်တွန်းလိုက်ပါတယ်။
သုံးစွဲသူတွေရဲ့ အချက်အလက်တွေ တရုတ်နိုင်ငံကို ပေါက်ကြားမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် TikTok ကိုဖယ်ရှားဖို့အတွက် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်နာ ဘရန်ဒန်ကားက Apple နဲ့ Google တို့ရဲ့ စီအီးအိုတွေထံ စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မျက်နှာများကို သိမှတ်နိုင်သော နည်းပညာကြောင့် အလွန်အကျွံ စေ့စေ့စပ်စပ်စစ်ဆေးခြင်းများကို ဖြစ်ပေါ်စေနိုင် သော်လည်း ဝါရှင်တန်ရှိ ဒါလပ်စ်လေဆိပ်တွင် စတင်အသုံးပြုနေသော ယင်းစနစ်သစ်မှာမူ ခရီးသွားများ ပြည့်ကျပ်ခြင်းကို လျှော့ချရာတွင် ကူညီပေးနိုင်သည့် အကျိုးပြုသော နည်းလမ်းတစ်ခုဟု အမွှမ်းတင်ခံနေရသည်။

အင်တာနက် သတင်းအရင်းအမြစ်တွေက 240W Ultra-fast Charging ပါတဲ့ ဖုန်းတွေ မကြာခင် ထွက်လာတော့မယ်လို့ ပြောနေကြပါတယ်။ ဒီနည်းပညာကို တရုတ် ကုမ္ပဏီ တချို့က ဖန်တီးနေကြပြီး ကုမ္ပဏီ အမည်ကို မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီ ကုမ္ပဏီဟာ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ တစ်ခု ဖြစ်တဲ့ OPPO လို့ သိရပါတယ်။