စားစရာ သစ်သီးဝလံဖြစ်တဲ့အပြင် မာလကာရွက်က ဆံပင်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။
မာလကာရွက်မှာ ဆံပင်တွေအတွက် လိုအပ်တဲ့ ဗီတာမင် ဘီ များစွာပါဝင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် ဘီ လိုအပ်တဲ့ ပမာဏရရှိမယ်ဆိုရင် ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး ပိုမိုသန်စွမ်းတောက်ပြောင်လာစေမှာ အသေချာပဲဖြစ်ပါတယ်။